စစ်တက္ကသိုလ်လို့ ပြောလိုက်တာနဲ့ ပြင်ဦးလွင်မြို့နဲ့ တွဲမြင်မိလောက်အောင် တွဲလျက် နာမည်ကျော်ပါတယ်။ အခုချိန်မှာတော့ မြန်မာစစ်တပ်ရဲ့ ဂုဏ်ယူစရာပြယုဒ်အဖြစ် မှတ်ယူလို့ရတဲ့ အဲ့ဒီ တက္ကသိုလ်တွေကို မကြာခင်မှာ ပြင်ဦးလွင်ကနေ ရွှေ့တော့မယ်လို့ သိရပါတယ်။
စစ်တက္ကသိုလ် DSA နှင့် စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA တို့ကို နေပြည်တော်က စစ်ရုံး အခြေစိုက်တဲ့ ရေဆင်းမြို့နယ်ထဲကို ၁ နှစ်အတွင်း ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။
ပြင်ဦးလွင်နဲ့ ထိစပ်နေတဲ့ နောက်ချို၊ ကျောက်မဲ၊ သီပေါ လာရှိုးမြို့တွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပြင်ဦးလွင်အစပ်ထိ လက်နက်ကိုင် တိုက်ပွဲ ရောက်လာတာကြောင့် စစ်တက္ကသိုလ်တွေအနေနဲ့ လုံခြုံရေး ခြိမ်းခြောက်မှု ကြုံနေရပါတယ်။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး ဒီလိုဆုံးဖြတ်ချက်မျိုးကို လွယ်လွယ်ကူကူတော့ ချမယ်မထင်ဘူး … ဒါက ဂုဏ်သိက္ခာအရ တော်တော် ထိတယ်မဟုတ်လား” လို့ စစ်ရေးအကဲခက်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

Post a Comment